ညောင်ဦး အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ခုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ကျား ၁၂၅ ဦး၊ မ၁၂၀ ကျန်းမာရေးကောင်းမွန်သဖြင့် အောက်တိုဘာ ၁၃ရက် နံနက်၈နာရီခွဲက ဆေးရုံ ဆင်းခွင့်ပြုခဲ့ကြာင်း ညောင်ဦးခရိုင် ၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းထံက သိရသည်။
ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိ၍ တက်ရောက်ဆေးကုသမှုခံယူနေသော ညောင်ဦးမြို့နယ်မှ ၂၄၅ဦးအား ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆေးရုံဆင်းခွင့်ပြုရာ၌ ညောင်ဦးခရိုင်စီမံအုပ် ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ညောင်ဦးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်း၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဌ ဦးနန်းတင့်တို့က အားပးစကားပြောကြားပြီး ကြက်ဥ ၊Mask ဘူးနှင့် အချို ရည်ကတ်များ လက်ဆောင်ပေးအပ်သည်။
ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ဆေးကုသမှုခံယူနေသူ ၉ ဦး ရှိနေသေးပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ကျား ၅၅ဦး၊ မ ၆၇ဦးဆေးဆုံးကာ ကျန်းမာရေးကောင်းမွန်သဖြင့် ၂၄၅ဦး ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်းသိရကာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၃၇၆ ဦးရှိကြောင်း သိရသည်။
ကိုထိန်၊KPD