ညောင်ဦး ၂၁  မတ် 


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးခဲ့သော မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ စဉ့်ကူကျေးရွာအုပ်စုတွင် ၁၆ ကုတင်ဆံ့တိုက်နယ်ဆေး ရုံသစ်ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၁ ရက်နေ့နံနက် ၉ နာရီက ကျင်းပသည်။

 

1


ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစော၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)ဦးဝင်းမြင့်ခိုင်၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးမြင့်စိန်တို့မှ ဆေးရုံအဆောက်အဦသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရသစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

 

1


အဆိုပါ ၁၆ ကုတင်ဆံ့တိုက်နယ်ဆေးရုံသစ်ကြီးကို အောင်ကောင်းကျော်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ပြီး ပင်မဆေးရုံကြီးအပါအဝင် ဆက်စပ်အဆောက်အဦ စုစုပေါင်း(၆)လုံးသည် RC တစ်ထပ်အဆောက်အဦ အမျိုးအစားဖြစ်သည်။ ဆေးရုံဆောက်လုပ်ရန် မြေနေရာကို တာဝန်ယူဆောက်လုပ်သည့် အောင်ကောင်းကျော်ကုမ္ပဏီ (ဦးကျော်ဝေ+ဒေါ်ရွှေသဇင် မိသားစု) မှ လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။


ဖေလိန်း(ညောင်ဦး)

 

1