ညောင်ဦး နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သပြေကန်တဲတိုက်နှင့် ချောင်ဖီလာတဲတိုက်ရှိ ဒေသခံကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစေရန်နှင့် စားဝတ်နေရေး အဆင်ပြေစေရန်အတွက် သောက်သုံးရေနှင့် ဆန်၊  ကြက်ဥများ ထောက်ပံ့လှူဒါန်းခြင်းကို နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက အလှူရှင်ဖြစ်သည့် ရန်ကုန်မြို့မှ ကိုမျိုးဇော်ဦး-မစိုးစန္ဒာလင်း မိသားစုကိုယ်စား ညောင်ဦးမြို့ မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ပရဟိတအဖွဲ့ဝင်များက သွားရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။ 

ထောက်ပံ့လှူဒါန်းရာတွင် ညောင်ဦးမြို့နယ် သပြေကန်တဲတိုက်ရှိ အိမ်ထောင်စု ၄၇ စုအား  ရေဂါလန် ၃၂၀၀ နှင့် အိမ်ထောင်စု တစ်စုလျှင် ဆန် တစ်ပြည်၊ ကြက်ဥ ၁၀ လုံးစီတို့ကို လည်းကောင်း၊ ချောင်ဖီလာတဲတိုက်ရှိ အိမ်ထောင်စု ၆၅ စုအတွက် ရေဂါလန် ၃၂၀၀ နှင့်  အိမ်ထောင်စုတစ်စုလျှင် ဆန် တစ်ပြည်၊ ကြက်ဥ ၁၀ လုံးစီတို့ကို လည်းကောင်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင်(ညောင်ဦး)