ညောင်ဦး၊ ၂၄ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကံကြီးပေါက်တဲတိုက်တွင် သောက်သုံးရေအခက်ကြုံတွေ့နေရသဖြင့် ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်း ညောင်ဦးခရိုင်ဉပဒေရုံး ဝန်ထမ်းမိသားစုက ခရိုင်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ဂါလန် ၃၂၀၀ အား သွားရောက်လှူဒါန်းပေးခဲ့သည်။
ကံကြီးပေါက်တဲတိုက်သည် အိမ်ခြေ ၅၄ အိမ်၊ လူဦးရေ ၂၀၀ ကျော်ခန့်ရှိပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြကာ နှစ်စဉ်သောက်သုံးရေအတွက် မြေသားမိုးရေလှောင်ကန်နှင့် အနီးဝန်းကျင် ကျေးရွာများရှိ စက်ရေတွင်းများကိုသာ မှီခိုအားထားပြုနေရပြီး ယခုလို ပွင့်လင်းရာသီချိန်ရောက်သည့် အခါတွင် သောက်သုံးရေရှားပါးမှုများ ကြုံတွေ့နေရလေ့ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


