ညောင်ဦး  ၂၀  ဇန်နဝါရီ  

    

မန္တလေးဒေသကြီး ၊ ညောင်ဦးမြို့နယ် လက်ဝဲကျေးရွာတွင် ကျေးရွာတွင်း သန့်ရှင်းသာယာလှပရေးနှင့် မီးဘေးလုံခြုံစေရေးအတွက် ရည်ရွယ်ကာ ယနေ့နံနက် ၁၀ နာရီက ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်၏ လမ်းညွှန်မှုဖြင့် တပ်ကြပ်ကြီးကိုလင်း ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များက ကျေးရွာအရန် မီးသတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ကျေးရွာစွန့်ပစ် အမှိုက်ကန် တူးဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

896

 

ညောင်ဦးမြို့နယ် လက်ဝဲကျေးရွာသည် အိမ်ခြေ ၅၀ဝ ကျော်ခန့်ရှိပြီး ကျေးရွာနေပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း သိရသည်။ ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ကျေးရွာနေ ပြည်သူများ မီးဘေးလုံခြုံရေးအတွက် အမှိုက်များအား စနစ်တကျ စွန့်ပစ်နိုင်ရန်နှင့် ကျေးရွာတွင်း သန့်ရှင်းသာယာလှပစေရန်အတွက် ရည်ရွယ်ပြီး ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ကိုလင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာအရန် မီးသတ်တပ်ဖွဲ့ဝင် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းမှ သင်တန်းများနှင့် ပူးပေါင်း၍ လက်ရှိ ကျေးရွာနေပြည်သူများ အမှိုက်စွန့်ပစ်သည့်နေရာတွင် အကျယ် ၁၀ ပေ ၊ အနက် ၃ ပေခွဲခန့်ရှိ အမှိုက်စွန့်ပစ်ကန် တူးဖော်ဆောင်ရွက်ပြီး ကျေးရွာတွင်းရှိ အမှိုက်သရိုက်များနှင့် စွန့်ပစ် ပလပ်စတစ် အမှိုက်များအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ကာ အမှိုက်ကန်တွင် စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းအား လက်တွေ့ပညာပေး သရုပ်သခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

963

 

ရဲဝင်းနိုင် (ညောင်ဦး)