ညောင်ဦး ၃၁ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅) သီလရင်စုရပ်ရှိ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အန္တရာယ်ရှိအိမ်ထောင်စုများအား ညောင်ဦးခရိုင်/မြို့နယ် မီးသတ်တပ် ဖွဲ့က ယနေ့ နံနက် ၉ နာရီခွဲမှ စတင်ကာ ကူညီရွှေ့ပြောင်းပေးလျှက်ရှိကြောင်း ညောင်ဦးမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေ ဝင်ရောက်လျှက်ရှိရာ ညောင်ဦးခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေဝင်ရောက်ရာ နေအိမ်များအတွင်းရှိ ပရိဘောဂများနှင့် အသုံးအဆောင်ပစ္စည်းများအား ရေဘေးသင့်လူနေအိမ်များ ယာယီနေထိုင်မည့် သီလရင်စုရပ်၊ မြသိန်းတန်ဘုရားဝင်းအတွင်း ယာယီရေးဘေးရှောင်စခန်းသို့ မော်တော်ယာဉ်နှစ်စီးဖြင့် သယ်ယူရွှေ့ပြောင်း ကူညီလျှက်ရှိကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း