ညောင်ဦး   ၁၀  ဇန်နဝါရီ    

 

ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာတွင် ယနေ့ နံနက်ပိုင်းက လူနေအိမ် အဆောက်အဦ ဆောက်ရန်အတွက် နေအိမ်ဝိုင်းအတွင်း လိုင်းကျင်းတူးဖော်ရာမှ ၈၁ မမ စိန်ပြောင်း အမျိုးအစား(ဒလက်ပါ) ဗုံးသီး ဟောင်းတစ်လုံး တူးဖော်တွေ့ရှိခဲ့ကြောင်း ပုဂံနယ်မြေရဲစန်းမှ သိရသည်။ 

 

25

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်က ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာအုပ်စု ၊ မြင်းကပါကွက်သစ်ရပ် ဝိုင်းအမှတ် ၇၃ နေ ဦးဝင်းချို ဝါးကပ်လုပ်ငန်းလုပ်ကိုင်သူသည် နေအိမ်ဝိုင်းအတွင်း အိမ်ဆောက်ရန် မြေကျင်းတူးစဉ် အနက် တစ်ပေခန့် အရောက်၌  အရှည် ၁၅ လက်မ ၊ လုံးပတ် ၁၀ လက်မရှိ ၈၁ မမ စိန်ပြောင်းအမျိုးအစား(ဒလက်ပါ) ဗုံးသီးဟောင်းတစ်လုံး အား တွေ့ရှိခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့သည်။

 

အဆိုပါနေရာသို့ ညောင်ဦးမြို့ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ ရဲတပ်ဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံ)ဌာနခွဲမှ ဝန်ထမ်းများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)