ညောင်ဦး၊  ၈ ဇွန် 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြစိမ်းရောင်ငါးကဏ္ဍ၊ မတည်ငွေကျပ်သိန်းသုံးရာမှ အတိုးရရှိငွေဖြင့် ဆောင်ရွက်သောကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာ၊ အခြေခံပညာအ လယ်တန်းကျောင်း(ခွဲ) ခြံစည်းရိုးအုတ်တံတိုင်း ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ခြံစည်းရိုးအုတ်တံတိုင်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ အရင်းမပျောက်အတိုးရငွေဖြင့် မြစိမ်းရောင် ငါးကဏ္ဍအတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အနောက် ပလင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ခြံစည်းရိုးအုတ်တံတိုင်းကာရံ ခြင်းအား အလျားပေ ၁၈၀၊ အမြင့် ၅ ပေ၊ ခြံစည်းရိုးကာရံပေးခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ခင်လင်းထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ မြစိမ်းရောင်ငါးကဏ္ဍ မတည်ငွေထုတ်ပေးထားသည့် ကျေးရွာများကိုလည်း ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်းလည်း ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ခင်လင်းကဆက်လက်ပြောပြ၍ သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)