ညောင်ဦး  ၃  အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပဲတီစိမ်းစိုက်တောင်သူများ ဈေးနှုန်းရရှိသော်လည်း မိုးဦးမိုး ရွာသွန်းမှုနည်းခြင်းကြောင့် အပင်ဖြစ်ထွန်းကောင်းသော်လည်း အထွက်နှုန်းမကောင်းခြင်းကြောင့် တွက်ခြေမကိုင်ဖြစ်နေကြကြောင်း ကျောက်စစ်ကန် ကျေးရွာ ပဲတီစိမ်းစိုက်တောင်သူ ဒေါ်တင်မာအေး ထံက သိရသည်။

 

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများသည် ပဲတီစိမ်းစိုက်ပျိုးခြင်းအား ဝါဆိုလ၊ ဝါခေါင်လတို့တွင် ကြဲပက်စိုက်ပျိုးကြကာ စိုက်ပျိုးပြီး လေးဆယ့်ငါးရက်ကြာလျှင် စတင် ဆွတ်ခူးနေရပြီး ဈေးကွက် အတွင်း သွားရောက်ရောင်းချ နေရပြီဖြစ်ကာ ပဲတီစိမ်းလုံးကြီး တစ်တင်းလျှင် သုံးသောင်းလေးထောင် ကျပ်၊ ပဲတီစိမ်းလုံးသေးတစ်တင်း သုံးသောင်းငါးထောင်ရှစ်ရာကျပ် ရောင်းချရခြင်းကြောင့် ပဲတီစိမ်းစိုက် ကျေးလက်တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်သော်လည်း မိုးဦးမိုးရွာသွန်းမှုနည်းခြင်းကြောင့် ပဲတီစိမ်းများ အပင်ဖြစ်ထွန်းမှုကောင်းသော်လည်း အဖူး၊ အပွင့်နည်းကာ အသီးသီးနှုန်းနည်းကြောင်း ပဲတီစိမ်းစိုက်တောင်သူများက ပြောသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)