နေပြည်တော် ၈ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သမဝါယမအသင်းစုအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ညောင်ဦးမန်း မော်တော်ယာဉ်လုပ်ငန်းခွဲမှ မေ ၁၈ ရက်မှစ၍ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးနှင့် ကုန်စည်ကူးသန်းမှု လွယ်ကူလျင်မြန်စေရေးအတွက် Aircon Bus (၈)စီး၊ Mini Bus (၂)စီးတို့ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ယာဉ်ထွက်ချိန်များမှာ ညောင်ဦး-နေပြည်တော် နံနက် ၆ နာရီနှင့် ညနေ ၅ နာရီ (၂)ကြိမ်ပြေးဆွဲပြီး ညောင်ဦး-မန္တလေးမှာ နံနက်(၇) နာရီဖြစ်သည်။ လူစီးခနှုန်းထားများမှာ ညောင်ဦး-နေပြည်တော် ခရီးစဉ်၌ (၂)ခုံလျှင် (၁)ဦးနှုန်း ငွေကျပ် ၁၂၀၀၀ ဖြင့်လည်းကောင်း၊ ညောင်ဦး-မန္တလေး ခရီးစဉ်၌ (၂)ခုံလျှင် (၁)ဦးနှုန်း ငွေကျပ် ၁၂၀၀၀ ဖြင့်လည်းကောင်း ပြေးဆွဲပေးလျက်ရှိသည်။

 

ခရီးသွားပြည်သူများအနေဖြင့် အဝေးပြေးကားဂိတ်သို့ ဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ နေပြည်တော် ဘောဂသီရိဂိတ် ၀၉-၄၂၅၀၀၇၂၇၃၊ နေပြည်တော် မြို့မဈေးဂိတ် ၀၉-၄၂၉၂၀၈၄၁၃၊ မန္တလေး ကျွဲဆည်ကန်ဂိတ် ၀၉-၄၀၁၅၀၂၉၈၀၊ ညောင်ဦး ပုဂံရွှေပြည်ဂိတ် ၀၉-၂၅၉၀၃၁၄၄၀ သို့ ခရီးသွားလက်မှတ်များ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

 

မောင်မောင်မျိုး