မန္တလေး ၅  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၅ ရက်အထိ COVID-19 ပိုး တွေ့ရှိသူ စုစုပေါင်း ၄၉ ဦးအထိရှိလာပြီး ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီး၌ ကုသပေးလျက်ရှိကြောင်းနှင့် အတည်ပြုလူနာအားလုံး ကျန်းမာလျက်ရှိကြောင်း သိရသည်။

 

လက်ရှိ ညောင်ဦးမြို့နယ်အတွင်း Quarantine Centre ပေါင်း ၃၈ ခုတွင် အသွားအလာ ကန့်သတ်ထားသူပေါင်း  ၂၆၉ ဦးရှိကြောင်း၊ ရောဂါကူးစက်သူများမှာ ပတ်ဝန်းကျင်ကျေးရွာများမှ ဖြစ်သည့်အတွက် အဆိုပါကျေးရွာများကို အသွားအလာ ကန့်သတ်ထားပြီး ဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ်များကိုလည်း (Tastkit) ဖြင့် စစ်ဆေးဖို့ စီစဉ်ထားပြီးဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးထံမှ သိရသည်။


#MRTV