ညောင်ဦး မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ နံနက် ၉ နာရီမှစတင်၍ မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိပြီး ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် အထက(ညောင်ဦး)၊ အထက(ပုဂံ)တို့တွင် စာဖြေဌာနဖွင့်လှစ်၍ ဖြေဆိုလျက်ရှိပြီး ကျောင်းသား(၄၄၁)ဦး၊ ကျောင်းသူ(၅၄၇)ဦး စုစုပေါင်း(၉၈၈)ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာမေးပွဲဖြေဆိုနေစဉ်အတွင်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိ ရသည်။
(ခရိုင် ပြန်/ဆက်)


