ညောင်ဦး    မတ်     ၁၆

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်းတိုက် နာယက ဆရာတော် ဘဒ္ဒန္တ သာဂရ ဦးဆောင်သော ဖြူစင်မေတ္တာနှင့် သုမင်္ဂလာရေလှူတော်အသင်းက ယနေ့ နံနက်ပိုင်းက သောက်သုံးရေလိုအပ်နေသော ညောင်ဦးမြို့နယ် ကျေးရွာများသို့သွားရောက်ပြီး ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရန်အတွက် ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းပေးရာတွင် ပုဂံမြို့ရတနာဘုံစံတောရဓမ္မရိပ်သာကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တ သာဂရ ဦးဆောင်သော ဖြူစင်မေတ္တာနှင့် သုမင်္ဂလာရေလှူတော်အသင်းမှ အသင်းသား၊ အသင်းသူများက ညောင်ဦးမြို့နယ် ရွှေလှိုင်းကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၂၀၀၊ စံပြကျေးရွာရှိ ဒေသခံ ပြည်သူများအတွက် ရေဂါလန် ၃၂၀၀ ၊ ဇီးအိုကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၂၀၀ စုစုပေါင်း ရေဂါလန် ၉၆၀၀ အား ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရန်အတွက် အိမ်ထောင်စု လူဦးရေအလိုက် စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း  သိရသည်။ 

 

ညောင်ဦးမြို့နယ် ပုဂံမြို့ ရတနာဘုံစံ တောရဓမ္မရိပ်သာကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တသာဂရ ဦးဆောင်သော ဖြူစင်မေတ္တာနှင့် သုမင်္ဂလာရေလှူတော်အသင်းက ဒေသတွင်းရှိ ကျေးလက်နေပြည်သူများ ပွင့်လင်းရာသီကာလ သောက်သုံးရေအခက်အခဲမဖြစ်စေရန်နှင့် ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် နေ့စဉ်ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)