ညောင်ဦး ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနော်ရထာခန်းမတွင် ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား လူမျိုးဘာသာမရွေး ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

 

ယနေ့နံနက်ပိုင်းမှစတင်ပြီး ညောင်ဦးမြို့ပေါ် () ရပ်ကွက်နှင့် ပုဂံမြို့ (၆) ရပ်ကွက်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါဆေးထိုးနှံမှု စနစ်တကျ ရှိစေရန်အတွက် ညောင်ဦးခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက ညောင်ဦးမြို့နယ်တွင် အဖွဲ့ ()ဖွဲ့ခွဲကာ ရပ်ကွက်နှင့် ကျေးရွာများအလိုက် ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများကလည်း ဆေးထိုးနှံမှုအား ကြည့်ရှုအားပေးခဲ့သည်။

 

ယခုထိုးနှံလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ညောင်ဦးမြို့နယ်တွင် လူဦးရေ ၁၆၀၀ ကျော် လျာထားထိုးနှံပေးလျက်ရှိသည်။ ဇူလိုင် ၃၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လူဦးရေ ၄၀၀ ကျော် ထိုးနှံပေးနိုင်ခဲ့ပြီး ယနေ့ ဩဂုတ် ၁ ရက် ဒုတိယနေ့ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူ ၆၆၂၇ ဦးရှိကြောင်း သိရသည်။

 

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)