ညောင်ဦး  ၂၉    ဇွန်

 

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် အမှတ်(၉၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး အောင်ဆန်းလင်း ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  ပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ဇွန် ၂၉ ရက်၊  နံနက် ၈ နာရီက ညောင်ဦးမြို့နယ် မြင်းကပါ ကျေးရွာ မနူဟာဘုရားကြီးရှေ့တွင် စုရပ်ပြုလုပ်၍ ပုဂံမြို့ဟောင်း သွားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား မော်တော်ယာဉ်စီမံခန့်ခွဲမှု ဉပဒေအကြောင်း အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ အရှန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ် အမှတ်(၉၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးအောင်ဆန်းလင်း ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မြို့နယ်ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီရုံးမှ ရုံးအုပ် ဦးခင်မောင်စိုးနှင့် ကော်မတီအဖွဲ့ဝင်များ ၊ ပုဂံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပုဂံမြို့ဟောင်းသွား ကားလမ်းမတစ်လျှောက် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများကို ယာဉ်အန္တရာယ် ကင်းဝေးစေရေး လိုက်နာရမည့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများကို အသိပညာပေး ဟောပြောပြီး အသစ်ထုတ်ပြန်သည့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဉပဒေ အသိပညာပေးလက်ကမ်းစာစောင် ၊ စောင်ရေ (၇၅၀)ခန့်အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် အမှတ်(၉၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်ဆန်းလင်း ထံမှ သိရသည်။ 

 

ရဲဝင်းနိုင် ( ညောင်ဦး )