မန္တလေး ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းရင်းကြက်မွေးမြူရေး၊ သုတေသနနှင့် မျိုးထိန်းမျိုးပွားခြံအဖြစ် အသုံးပြုထားသည့် မြေနေရာအတွက် ညောင်ဦးမြို့နယ် တောင်သူများ လက်ဝယ်သို့ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၅၃၃)၊ တောင်ရှေ့ကွင်း၊ ဦးပိုင်အမှတ် (၅၉၊ ၂၁၊ ၅၆) မြေဧရိယာ ၇ ဒသမ ၅၂ ဧကအား မူလမြေပိုင်ရှင် တောင်သူများထံသို့ မြေဧရိယာ တစ်ဧကလျှင် ငွေကျပ် ၁၂၅ သိန်းနှုန်းဖြင့် မြေယာလျော်ကြေးငွေ ကျပ် ၉၄၀၀၀၀၀၀ အား မူလမြေပိုင်ရှင် တောင်သူများထံ အသိသက်သေများ ရှေ့မှောက်တွင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တိုင်းရင်းကြက် မွေးမြူရေး၊ သုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ တာဝန်ခံအရာရှိ ဒေါက်တာဖိုးဆေးတို့က ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း