ညောင်ဦး  ၃၀  ဇူလိုင် 

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၂၉ ရက် ညနေ ၆နာရီခွဲတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၄၅ စင်တီမီတာသို့ ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာထက် ကျော်လွန်နေပြီဖြစ်ကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

 

ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၄၈ စင်တီမီတာသို့ ရောက်ရှိနေကာ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက်သို့ (၂၈)စင်တီမီတာ ကျော်လွန်လျက်ရှိသဖြင့် ညောင်ဦးခရိုင် မီးသတ်ဦးစီး ဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များမှ အနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်ရေဝင်ရောက်သည့် အိမ်ထောင်စု များအား ရွှေ့ပြောင်းပေးခြင်း၊ မြစ်ရေတက်မှုအခြေအနေများအား စပိဘုတ်ဖြင့် မြစ်ကမ်းတစ်လျှောက်နှင့် ရေဝင်ရောက်လျက်ရှိသည့် ရေဝင်လျက်ရှိသည့် အနိမ့်ပိုင်းရပ်ကွက်များအား Hand Speaker ဖြင့် မြစ်ရေသတိပေးချက်များအား အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။            

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း