ညောင်ဦး  ဒီဇင်ဘာ  ၁၉

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှု အခြေအနေ ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းထိ ၃၀၄၈၈၀ ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

 

ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ်နေရာများတွင် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှု ၃၀၄၈၈၀ ဦး ထိုးပေးနိုင်ခဲ့ပြီး ရာနှုန်းပြည့်ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၂၀၀၀၀  ရှိပြီဖြစ်ကြောင်းနှင့် ဆက်လက်ထိုးပေးနိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုကြေးမုံ