ညောင်ဦး နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်ဆက်လက်ထိုးနှံပေးလျှက်ရှိရာ သတ်မှတ်စုရပ်အသီးသီးအပြင် ဝေးလံ သည့်နေရာများအထိ သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း နိုဝင်ဘာ ၁၀ရက်နေ့ထိ ဒုတိ ယအသုတ် ဒုတိယအကြိမ် ၁၉၁၉၀ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား ဒုတိယအသုတ် အဖြစ်ဆက်လက်ထိုးနှံပေးလျှက်ရှိရာ စုရပ်နေရာများဖြစ်သော ရွှေစည်းခုံစေတီတော်ဝင်း ရှိ မဟာဝေဇယန္တာဗိမ္ဗာန်တော်တွင် လည်းကောင်း၊ ပုဂံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ ငါ့သရောက်မြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံတွင်လည်းကောင်း၊ တောင်ဇင်း အခြေခံပညာ အထက်တန်းကျောင်းတွင် လည်းကောင်း၊ စဉ့်ကူးတိုက်နယ် ပြည်သူ့ဆေးရုံတွင် လည်းကောင်း၊ သတ်မှတ်စုရပ်အသီးသီးတွင် ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
အသက် ၁၈နှစ်အထက်၊ ပြည်သူများ၊ ၄၀နှစ်အထက်ပြည်သူများနှင့် ၅၀နှစ်အထက် ပြည်သူများအား ထိုးနှံပေးလျှက်ရှိကြောင်း ၊ ညောင်ဦးမြို့နယ်တွင်ဝေးလံ သည့်နေရာများ ကိုလည်း နယ်လှည့်ကွင်းဆင်းဆေးထိုးအဖွဲ့များဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ လိုက်လံထိုးပေးလျှက်ရှိပြီး ကမ္မကျေးရွာ၊အရာတော်ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေး နိုင်ခဲ့ခြင်းအားဖြင့် ခရီးစရိတ်သက်သာစေပြီး အလုပ်အကိုင်လည်းမ ပျက်စေကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ၁၉၁၉၀ ထိုးနှံပေးလျှက်ရှိကာ ဝေးလံသည့်ကျေးရွာများသို့လည်း ကျေးရွာအုပ်ချုပ်ရေ မှူးများနှင့် ချိတ်ဆက်၍ နယ်လှည့်ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


