ညောင်ဦး ဩဂုတ် ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဒုတိယအကြိမ် ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃ ရက်တွင် အသက် ၆၅ နှစ်အထက် သက်ကြီး အဘိုးအဘွားများ ညောင်ဦးမြို့ အနော်ရထာခန်းမသို့ လာရောက်ရာတွင် ခရီးဝေးမှု၊ အဘိုးအဘွားများ ပင်ပန်းမှုသက်သာစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် သတ်မှတ်စုရပ် (၇) နေရာအပြင် နောက်ထပ်သုံးနေရာ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အသက် ၆၅ နှစ်အထက် ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများအား သတ်မှတ်စုရပ် ၁၂ နေရာတွင် တာဝန်ရှိသူများက တစ်ပြိုင်နက်တည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းများ ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ် အနော်ရထာခန်းမတွင် သတ်မှတ်နေရာ (၇) နေရာတွင် စီစဉ်ထိုးနှံပေလျက်ရှိရာ မြို့စွန်မြို့ဖျား နေရာများမှ ညောင်ဦးမြို့ပေါ် လာရောက်ထိုးနှံရာတွင် အခက်အခဲ မဖြစ်ပေါ်စေရန်အတွက် စဉ့်ကူနယ်မြေ၊ ငါ့သရောက်နယ်မြေနှင့် တောင်ဇင်းနယ်မြေ သုံးခုတွင်လည်း ထပ်မံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ် ဇူလိုင် ၃၁ ရက်နေ့မှ ဩဂုတ် ၄ ရက်နေ့အထိ ၁၆၀၀ ဦး ထိုးနှံပေးနိုင်ခဲ့ပြီး၊ ဇူလိုင် ၆ ရက်နေ့မှ ဇူလိုင် ၇ ရက်နေ့(ယနေ့)အထိ ၇၈၀ ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ပြီး မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဌ တို့မှ ဆေးထိုးနှံမှု စနစ်တကျရှိစေရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုအကျိုးပြု ပရဟိတအဖွဲ့များက ကူညီဆောင်ရွက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ကိုထိန်၊ KPD