ညောင်ဦး ၃၁ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တက်မအုပ်စု၊ တက်မကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့် အကွာ မင်းရဲကျော်စွာ ကုမ္ပဏီမှ တူးဖော်နေသော ရေနံတွင်းတွင် ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနံတွင်းသည် တက်မကျေးရွာ၏ တောင်ဘက် ၂ မိုင်အကွာတွင် တည်ရှိပြီး မီးလောင်မှု ဖြစ်ပွားရာသို့ မီးငြိမ်းသတ်ယာဉ် ၁ စီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ မင်းရဲကျော်စွာ ကုမ္ပဏီဝန်းအတွင်း ဦးကျော်ဦး ထုတ်လုပ်နေသော ရေနံကျင်းမှ ရေနံခတ်ရာတွင် အသုံးပြုသည့် မီးစက်အင်ဂျင် ကလပ်ပြားမှ အပူချိန်လွန်ကဲ၍ လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရကာ မီးလောင်မှုကြောင့် ရေနံခတ်သောအင်ဂျင်တုံး ၁ ခု၊ ရေနံပေပါ ၁ လုံး၊ ပီပါအခွံ ၄ လုံး လောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။
ဖေလိန်း(ညောင်ဦး)