ညောင်ဦး   ၈   မေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် မြတ်ဒါနအောက်စီဂျင် အခမဲ့ကူညီရေးအဖွဲ့နှင့် ရွှေဥဩပုန်းရည်ကြီးလုပ်ငန်းတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်ရှိ ကျောင်းတိုက်အသီးသီးမှ သီလရှင်ပေါင်း ၁၄၇ ပါးအား ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့ပေါ်ရှိ ကူးနီကျောင်း၊ ချောက်ဘုရားလှကျောင်း၊ မိုးကုတ်ဝိပဿနာရိပ်သာ၊ သံပျင် မင်းသမီးကျောင်း၊ မဟာစည်ရိပ်သာကျောင်း၊ သာသနာ့ရောင်ခြည်ကျောင်းနှင့် အလိုတော်ပြည့် ကျောင်းတိုက်များရှိ သီလရှင်ပေါင်း ၁၄၇ ပါးတို့အား တစ်ပါးလျှင် ကြက်ဥ ၁၀ လုံး၊ ကြက်သွန် ၁ ပိဿာ၊ ဆီ ၅၀ ကျပ်သား၊ ငံပြာရည် ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ကုလားပဲ ၄ ဘူး၊ အသားတု ၂၅ ကျပ်သားနှင့် Mask ၁ ခုစီ ကျောင်းတိုက်များအရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)