ညောင်ဦး၊ ၂၅ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း အိမ်ထောင်စု ၄၀၀ အား စေတနာရှင် ဦးသက်ဆွေဦး -ဒေါ်အေးအေးစိန် မိသားစုက ဆန်၊ ဆီ၊ ဆား တို့ကို ဒီဇင်ဘာ ၂၅ ရက်က လိုက်လံလှူ ဒါန်းခဲ့ကြောင်း ညောင်ဦးမြို့ ဒေသခံဦးအောင်ခိုင်ထံကသိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း အိမ်ထောင်စုအများစု ကိုယ်စီအခက်အခဲရှိနေချိန် စေတနာ အလှူရှင် လင်းတည်းခိုခန်း၊ လင်းဓာတ်ပုံတိုက်၊ Linn Bagan ခရီးသွား လုပ်ငန်းမိသားစုမှ အိမ်ထောင်စု ၄၀၀ အား တစ်အိမ်ထောင်လျှင် ဆန်နှစ်ပြည်၊ ဆီငါးဆယ်ကျပ်သား၊ ငါးခြောက် တစ်ထုပ်စီ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


