ညောင်ဦး ၁၀ နိုဝင်ဘာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)ရပ်ကွက်၊ ဈေးတန်းမြောက်ရပ်တွင် နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က လုံးပတ် ၁၈ ပေ ပတ်လည်၊ အမြင့် ပေ ၈၀ ခန့်ရှိသော သက်တမ်းရင့်ညောင်ပင်ကြီး အပင်ခြေရင်းမှ တောင်ဘက်ကိုင်းကျိုးကျခဲ့ခြင်းကြောင့် နေအိမ်သုံးလုံးပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကြီးမားသည့် ညောင်ကိုင်းကျိုးပဲ့ကျခြင်းကြောင့် ဒေါ်အေးကြူ (၈၀)နှစ်၏ (၃)ပင်၊ (၂)ပင် သွပ်မိုးထရံကာ မြေစိုက်အိမ် (၁)လုံး၊ ဦးမျိုးမင်းမောင် ပိုင်ဆိုင်သော (၃)ပင်၊ (၂)ပင် သွပ်မိုး၊ ထရံကာမြေစိုက်လူနေအိမ်တစ်လုံး၊ ဦးအောင်ဆွေပိုင်ဆိုင်သည့် (၄)ပင်၊ (၃)ပင်အိမ်၊ သွပ်မိုး ထရံကာ ကြမ်းခင်းနေအိမ်ရှေ့ဖီတို့အား ပိ၍ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ညောင်ဦးမြို့ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သန်းမြတ်စိုးကပြောကြားသည်။ ညောင်ပင်ကိုင်းကျိုးကျ၍ အိမ်ပိနေကြောင်းသိသိခြင်း ညောင်ဦးခရိုင် ၊ခရိုင်မီးသတ် ဦးစီးဌာနကမီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်၊ မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့မ ရဲတပ်ဖွဲ့စခန်းက ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အိမ်ပိနေသည့် ညောင်ကိုင်းကြီးအား ချိန်းစော၊ ဓား၊ တို့ဖြင့်ဖြတ်တောက်ကာ ညောင်ကိုင်းကြီးအား ရှင်းလင်းပေး နေကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူကပြောပြသည်။

 

ညောင်ကိုင်းကျိုးပဲ့ကျမှုကြောင့် ဒေါ်အေးကြူတွင် ဘယ်ဘက်ရင်ဘတ်အောင့်၊ မျက်နာ နာကျင်ဒဏ်ရာ၊ ဒေါ်တင်တင်ဝင်းတွင် ရင်ဘတ်အောင့် ဒဏ်ရာရသဖြင့် ပို့ဆောင်ဆေးကု သမှုခံယူလျက်ရှိကြောင်း သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း