ညောင်ဦး  ၈  ဩဂုတ်

 

မန္တလေးတိုင်းဒသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ အများပြည်သူသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ထရန်စဖော်မာများကို အကြီးစားပြုပြင်ထိန်းသိန်းခြင်းနှင့် ဆွေးမြည့်လေးထောင့်တိုင်များ အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများအား ယနေ့ နံနက်ပိုင်းမှစတင်ကာ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကွန်ကရစ် တိုင်လုံးများဖြင့် အစားထိုးလဲလှယ်လျက်ရှိကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းထွန်း က ပြောသည်။

 

ညောင်ဦးမြို့နယ်အတွင်း အများပြည်သူသုံးစွဲလျှက်ရှိသည့် ထရန်စဖော်မာများကို အကြီးစားပြုပြင် ထိန်းသိမ်းခြင်းအပြင် ဆွေးမြည့်လေးထောင့် ကွန်ကရစ်ဓာတ်တိုင်များအား ကွန်ကရစ်ဓာတ်တိုင်လုံးများဖြင့် အစားထိုးလဲလှယ်ခြင်း၊ မိန်းခလုတ်အသေးများကို အကြီးများဖြင့်လဲလှယ်ခြင်း၊ ဆွေးမြည့်သစ်သား လက်တန်းများကို သံလက်တန်းများဖြင့် လဲလှယ်ခြင်းနှင့် ကွဲအက်လောင်ကျွမ်းကြွေသီးများကို အစားထိုး လဲလှယ်တပ်ဆင်ခြင်းများအား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ၎င်းက ဆက်လက်ရှင်းပြသည်။

 

အဆိုပါ အကြီးစားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် သာမန်ရန်ပုံငွေစာရင်းမှ ဆောင်ရွက်ခြင်းဖြစ်ကာ လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန် လျော့နည်းကျဆင်းပြီး လျှပ်စစ်ဓာတ်အားကို စံချိန်စံညွှန်းနှင့်အညီ ဗို့အားပြည့်ပြည့်ဝဝဖြင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထရန်စဖော်မာများ ချို့ယွင်းပျက်စီးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် စီမံချက်ချမှတ်၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ  ဦးမျိုးမင်းထွန်း၏ ပြောကြားချက်အရ  သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)