ညောင်ဦး   ၁၀  ဖေဖော်ဝါရီ

 

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အမှတ်() စက်မှုသင်တန်းကျောင်း(မြင်းခြံ)နှင့် မန္တလေး လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ညောင်ဦးခရိုင် လျှပ်စစ်မန်နေဂျာရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း အမှတ်စဉ်(၁၁၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် အမှတ်() စက်မှုသင်တန်းကျောင်း(မြင်းခြံ) ကျောင်းအုပ်ကြီး ဦးမျိုးကိုကိုက  စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၊ သင်တန်းကျောင်း ()ကျောင်းတွင် တက်ရောက်သင်ကြားနိုင်ခြင်း မရှိသည့် စက်မှုအတတ်ပညာ ဝါသနာပါသော ကျေးလက်နေ ပြည်သူများအတွက် ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း ပြောသည်။

 

သင်တန်းသို့ ညောင်ဦးမြို့နယ်အတွင်းရှိ လျှပ်စစ်မီးရရှိသည့် ကျေးရွာများမှ လျှပ်စစ်နှင့် ဝါယာရိန်း စိတ်ပါဝင်စားသူ ၅၀ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

ဖေလိန်း(ပုဂံ)