ညောင်ဦး ၆ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ ရောက်ရှိရန် ၇ စင်မီတာအလို ရောက်ရှိနေကြောင်း ယနေ့နံနက် ၆ နာရီ တိုင်းထွာချက်အရ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေသည် ယနေ့နံနက် ၆ နာရီတိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၇ စင်တီမီတာသာလိုတော့ပြီး ယခုရေတက်ချိန်သည် တတိယအကြိမ် ရေတက် ခြင်းဖြစ်ကြောင်း၊ အရင်နှစ်များတွင် စက်တင်ဘာလအတွင်း တက်လေ့ရှိသည့် ဧရာဝတီမြစ်ရေသည် ယခု ရေအမှတ် ၂၁၁၃ စင်တီမီတာထိ မတက်ရောက်ကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံက သိရသည်။
ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေ ယနေ့နံနက် တိုင်းထွာချက်အရ ၂၁၁၃ စင်တီမီ တာရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


