ညောင်ဦး ၁၃ ဇန်နဝါရီ
ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဖြစ်ရပ်စီမံခန့်ခွဲမှု စီမံချက်မိတ်ဆက်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်တို့က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းရုံးမှ Case Manager ဒေါ်ဝါဝါစိုးနှင့် ရတနာ့မေတ္တာအဖွဲ့မှ လက် ထောက်စီမံချက် မန်နေဂျာဦးရဲနီလင်းတို့က ကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေး ဖြစ်ရပ်စီမံခန့်ခွဲခြင်း လုပ်ငန်းအကြောင်းကိုလည်းကောင်း၊ UNICEF မှ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးအရာရှိ ဒေါ်သီတာစိမ်းက UNICEF နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ၏ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေးခြင်းနှင့် သိရှိလိုသည့်မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ NGO, INGO များ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)