ညောင်ဦး ၂၉  ဧပြီ           

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးနှင့် လူထု ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် ခရိုင်လူငယ်ရေးရာကော်မတီက နှာခေါင်းစည်း(Mask) ခုရေ  ၅၀ဝ၀ အား ယမန်နေ့ ညနေ ၄ နာရီမှ စတင်၍ ညောင်ဦးခရိုင်အတွင်းရှိ ညောင်ဦးမြို့၊ ကျောက်ပန်းတောင်း မြို့နှင့် ငါ့သရောက်မြို့များရှိ ပြည်သူများနှင့် မြို့နယ်အသီးသီးရှိ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် ဦးစီးဌာနဝန်ထမ်းများအတွက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

9

 

ညောင်ဉီးခရိုင် ခရိုင်လူငယ်ရေးရာကော်မတီဉက္ကဌ(ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း)၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်လူငယ်ရေးရာကော်မတီ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ညောင်ဦးမြို့ ရပ်ကွက်(၇) ခုရှိ အုပ်ချုပ်ရေးမှူးများထံ နှာခေါင်းစည်း (၁၀ဝ) ခုစီ၊ ညောင်ဦးမီးသတ်ဦးစီးဌာနနှင့် ပုဂံ ဒေသန္တရ ကျန်းမာရေးဌာနတို့အတွက် (၁၀ဝ) ခုစီ၊ ကျောက်ပန်းတောင်းမြို့အတွက် (၂၅၀ဝ) ခု၊ ငါ့သရောက်မြို့အတွက် (၅၀ဝ) ခု၊ စဉ့်ကူတိုက်နယ်အတွက် (၅၀ဝ) ခု၊ လက်ပံခြေပေါ်တိုက်နယ်အတွက် (၅၀ဝ) ခုတို့အား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ခရိုင်လူငယ်ရေးရာကော်မတီအဖွဲ့များသည် ယခင်ကလည်း ညောင်ဦးမြို့နှင့် ကျောက် ပန်းတောင်းမြို့ရှိ ယာယီဈေးများတွင် ပြည်သူ့များထံ တိုက်ရိုက် နှာခေါင်းစည်း(Mask) ၅၀ဝ ခုအား ဖြန့်ဝေခဲ့ကြောင်း ခရိုင်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူးက ပြောပြသည်။

 

ကျော်မင်းဦး(ရေနံချောင်း)

 

41