ညောင်ဦး  ၁၆  ဇန်နဝါရီ

 

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဖွင့်လှစ်ပွဲကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ အမှတ်(၉၉) စက်မှုလယ်ယာစခန်းတွင် ဖွင့်လှစ်ခဲ့သည်။

 

အခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကြင်က အရင်းအနှီး မတတ်နိုင်သည့် လုပ်ကွက်ငယ်တောင်သူများ တန်ဖိုးကြီး လယ်ယာသုံးစက်ကိရိယာများ အရစ်ကျစနစ်ဖြင့် ဝယ်ယူရရှိနိုင်ရေး၊ အရင်းအနှီးတတ်နိုင်သည့် တောင်သူများအား စက်ပစ္စည်းရောင်းချသည့် ကုမ္ပဏီများဖြင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းနှင့် ဝယ်ယူထားသည့် လယ်ယာသုံး စက်ပစ္စည်းကိရိယာများ ကိုင်တွယ်မောင်းနှင် အသုံးပြုခြင်း နည်းပညာများ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းကို ဇန်နဝါရီ ၁၆ ရက်မှ ၂၇ ရက်နေ့အထိ ၁၂ ရက်ကြာ ဖွင့်လှစ်သင်ကြားမည့်ဖြစ်ပြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၄ ရွာမှ တောင်သူ ၃၀ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။

 

သင်တန်းဖွင့်ပွဲသို့ စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကြင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ဦးခရိုင်မှူး ဦးကျော်မင်းဦးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း