ညောင်ဦး  ၁၁   ဒီဇင်ဘာ

 

ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်နိုင်ရေး အသိပညာပေးသရုပ်ပြပွဲကို ညောင်ဦးခရိုင် မီးသတ် ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အ.ထ.က (ညောင်ဦး) ကျောင်း ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သည်။

 

963

 

အခမ်းအနားတွင် ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်ရခြင်း ရည်ရွယ်ချက်များနှင့် ညောင်ဦးခရိုင်တစ်ခုလုံးအနေအထားဖြင့် သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

78996

 

ထို့နောက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၄၁) ဦးတို့က တပ်စုအဆင့်ရှာဖွေကယ်ဆယ်ရေး (ASR Level) ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ကြသည်။

 

အဆိုပါ အသိပညာပေးသရုပ်ပြပွဲသို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်နှင့် ခရိုင်အဆင့် ဌာနဆိုင် ရာတာဝန်ရှိသူများ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အ.ထ.က (ညောင်ဦး) ကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ရှာဖွေကယ်ဆယ်ရေး မီးသတ် တပ်ဖွဲ့ဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

 

14862

 

ဖေလိန်း(ပုဂံ)