ညောင်ဦး ၃၁ ဇူလိုင်
မြေပဲမျိုးစေ့ချကိရိယာဖြင့် စမ်းသပ်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပျော်ဘွယ်ကျေးရွာ၌ ဆောင်ရွက်ခဲ့ရာ တောင်သူ ၃၀ ဦးခန့် တက်ရောက်ခဲ့သည်။
“ယခုစမ်းသပ်သည် ကိရိယာကို စိတ်ဝင်စား၍ ဝယ်ယူလိုပါက ဌာနအနေဖြင့် ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း၊ ၎င်းမျိုးစေ့ချကိရိယာကို အသုံးပြုခြင်းဖြင့် လူအင်အားသုံးစရာမလို အချိန်ကုန်သက်သာ၍ လုပ်ငန်းတွင်ကျယ်ကြောင်း၊ တစ်ဧက မျိုးစေ့တစ်တင်းခွဲနှုန်းချပါက အချိန်တစ်နာရီခန့်သာကြာကြောင်း” မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးထံ က ပြောသည်။
အဆိုပါ မြေပဲမျိုးစေ့ချကိရိယာဖြင့် စမ်းသပ်စိုက်ပျိုးခြင်းကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဝန်ထမ်းများက လက်တွေ့ စမ်းသပ်စိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)