ညောင်ဦး   ၅  အောက်တိုဘာ 

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါပြည်သူ့ဆေးရုံကြီး၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

 

အဆိုပါလှူဒါန်းမှုကို ညောင်ဦးမြို့နယ် စည်သာကျေးရွာနေ ဦးခင်မောင်တင့် မိသားစုမှ အလှူငွေကျပ် ၁၀၀၀၀၀၊ တောင်ခွင်ကျေးရွာနေ ဦးမင်းဆွေ (ဆ.လ.ရ-ငြိမ်း)-ဒေါ်စောနွဲ့ မိသားစုက အလှူငွေကျပ် ၁၀၀၀၀၀၊ ညောင်ဦးမြို့၊ တိုက်ကုန်း ရပ်ကွက်နေ ဦးသိန်းလွင်-ဒေါ်မာရီ မိသားစုက အလှူငွေ ၅၀၀၀၀ စုစုပေါင်း အလှူငွေကျပ် ၂၅၀၀၀၀ တိတိအား အလှူရှင်များကိုယ်စား Bagan Plastic Campaign နှင့် မြင့်မြတ်သူ ပရဟိတအဖွဲ့မှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင် က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)