မင်းလှ ၁၁ ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ညောင်ဝန်းဘုန်းတော်ကြီးကျောင်း၌ အမှတ်စဉ်(၇)/မင်းလှ (ဝ၃၅)ဓမ္မစကူးလ် ကျောင်းတော်သစ်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ဓမ္မစကူးလ် နာယကဆရာတော်များ၊ ဥက္ကဌ ဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များက အမှတ်စဉ် (၇)/မင်းလှ (ဝ၃၅)ဓမ္မစကူးလ်ကျောင်းတော်သစ် ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဓမ္မစကူးလ်ကျောင်းတော်သစ်ဖွင့်ပွဲတွင် မြို့နယ်ဓမ္မစကူးလ် နာယကဆရာတော်ဦးဝိမလက ဩဝါဒစကားများ ပြောကြားသည်။ မြို့နယ်ဓမ္မစကူးလ်ဥက္ကဌဆရာတော် ဒေါက်တာရာဇဓမ္မက ကျောင်းတော်များ တိုးပွား ကျယ်ပြန့်လာအောင် ဆောင်ရွက်ကြရန်နှင့် မိမိဘာသာကို တန်ဖိုးထားတတ်လာပြီး ယဉ်ကျေးလိမ္မာသော ကလေးငယ်များ ပေါ်ထွက်လာအောင်သင်ကြားမွေးထုတ်ပေးရန်ပြောကြားသည်။

 

ေ

 

အဆိုပါ  ညောင်ဝန်းကျောင်းတော်သစ်ကို ဆရာတော်ဦးပဣိတ ဦးဆောင်၍ ဓမ္မစကူးလ်ဆရာဆရာမ(၇)ဦးက ကလေးငယ်(၁၂၀)ဦးအား သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မင်းလှမြို့နယ်လုံးတွင် ဘာသာ သာသနာအဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ဓမ္မစကူးလ်ကျောင်းပေါင်း(၃၅) ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)