ကဘူး    မတ်    ၈

အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံနှင့် တိုက်ခိုက်မှုများဖြစ်ပွားခြင်းကို  မလိုလားဘဲ ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် ငြိမ်းချမ်းရေးရရှိရေးဆောင်ရွက်မည်ဟု    အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး မိုဟာမက် ရာကတ် မူဂျာဟစ်က ပြောကြားသည်။

အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် တိုက်ခိုက်မှုများဖြစ်ခြင်းကိုမလိုလားပဲ  ကျူးကျော်တိုက်ခိုက်မှုများကိုသာ  တုံ့ပြန်ခြင်းဖြစ်ကြောင်း ဒေသန္တရမီဒီယာတစ်ခုအား ၎င်းက ပြောကြားသည်။  မိမိတို့အနေဖြင့် စစ်ပွဲကို လိုလားခြင်းမရှိဘဲ ညှိနှိုင်းဆွေးနွေးခြင်းဖြင့်သာ အပစ်အခတ်ရပ်စဲရေးရရှိမည်ဟု ယုံကြည်ကြောင်း ၎င်းကပြောကြားသည်။

နှစ်နိုင်ငံအကြား မကြာမီက စစ်ရေးအရ တင်းမာမှုများမြင့်တက်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကြောင်း အပြန်အလှန်စွပ်စွဲမှုများရှိခဲ့သည်။

ကိုးကား -ဆင်ဟွာ

ဘာသာပြန်-စိုးသူရ