နန်းယွန်း၊ ၂၅ ဒီဇင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၇၄၆ ဒသမ ၆၀၀ သန်းဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ နန်းယွန်း-ပန်ဆောင်လမ်း (၃၅/၀) မိုင်အနက် (၂/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် (၅/၀)မိုင် ကျောက်လမ်းပြင်ထိန်းဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုကျော်နှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၃ ရက်က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးသော အဆိုပါလမ်းပြီးစီးသွားပါက ၎င်းလမ်းအား အသုံးပြုလျက် ရှိသော ကျေးရွာပေါင်း(၁၀)ရွာ၊ အိမ်ခြေ (၂၈၉၉) အိမ်၊ လူဦးရေ(၁၈၆၈၆) ဦးတို့၏ လမ်းပန်းဆက်သွယ်ရေးမှာ ယခင်ကထက် ပိုမိုကောင်းမွန်လာပြီး ဒေသခံများ၏ ပညာရေး၊ စီးပွားရေး၊ လူမှုဘဝ ပိုမိုတိုးတက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
မွှေးကြူဇင်


