နန်းယွန်း၊ ၁၄ ဒီဇင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၁၃ ဒသမ ၇၁၀ ကျပ်သန်းဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် ရောင်ကွန် - ကြူယမ်းလမ်း (၁/၀) မိုင် လမ်းတာချဲ့ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေမှု အခြေအနေအား နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုကျော်နှင့် တာဝန်ရှိသူများ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးသော ရောင်ကွန် - ကြူယမ်းလမ်း ပြီးစီးသွားပါက နန်းယွန်းမြို့နယ်၊ ရောင်ကွန် - ကြူယမ်းလမ်းပေါ်ရှိ ကျေးရွာ (၁၅) ရွာ၊ လူဦးရေ ၁၀၀၃၄ ဦး၏ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေးများ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း သိရှိရသည်။
မွှေးကြူဇင်


