နန်းယွန်း  ၁၇  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နန်းယွန်း-ပန်ဆောင်လမ်း (၁၂/ဝ မိုင်မှ ၁၅/ဝ မိုင်အထိ) ကျောက်ချောလမ်း ၃/ဝ မိုင်ဆောင်ရွက်ခြင်းနှင့် Box Culvert (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။

 

mdn

 

အဆိုပါ  နန်းယွန်း-ပန်ဆောင် ကျောက်ချောလမ်း ၃/ဝ မိုင်ဆောင်ရွက်ခြင်းနှင့် Box Culvert(၂) စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို စတုတ္ထအကြိမ် အိန္ဒိယနိုင်ငံထောက်ပံ့ရန်ပုံငွေ ၃၉၅ ဒသမ ၃၆၀၂ သန်း ဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် ၊ နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုကျော်နှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၁၀ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသဖြင့် ကုန်စည်စီးဆင်းမှုနှင့်အတူ ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရှိရသည်။

 

မွှေးကြူဇင်