နန်းယွန်း ၂၄ အောက်တိုဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ရှိ နာယန်းကျေးရွာ၊ ဝပ်ထမ်းကျေးရွာ၊ လုံလောင်းကျေးရွာများရှိ အခြေခံပညာကျောင်း သုံးကျောင်းအတွက် ကွန်ပျူတာ၊ ပရင်တာ၊ ဆက်စပ်ပစ္စည်းများနှင့် မီးစက်သုံးစုံအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုကျော်က မြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်နှင့် သက်ဆိုင်ရာ ကျောင်းများမှ ဆရာ၊ ဆရာမများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မွှေးကြူဇင်


