နန်းယွန်း ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ဇူလိုင်၂၃ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦးအား ဆေးရုံဆင်းခွင့်ပြုကြောင်း သိရသည်။
ဆေးရုံဆင်းခွင့်ရရှိသူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက မိမိအိမ်ပြန်ရောက်ရှိသည့်အချိန် လိုက်နာရမည့်စည်းကမ်းချက်များ၊ ဆောင်ရန်/ ရှောင်ရန် အချက်များကို ရှင်းလင်းပြောကြားပြီး စေတနာရှင်များမှလှူဒါန်းသော အာဟာရမုန့်ထုပ်များကို ပေးအပ်ခဲ့သည်။
နန်းယွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ ရှိသူ (၄၁) ဦးရှိပြီး ယခင် (၄)ဦးနှင့် ယနေ့ (၁၇)ဦး စုစုပေါင်း (၂၁)ဦး ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး (၁)ဦးသေဆုံးကာ ဆက်လက်ဆေးကုသမှုခံယူနေသူ (၁၉)ဦးရှိကြောင်း သိရသည်။
ဟန်ကန်း(နန်းယွန်း)


