ရန်ကုန် ၁၈ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် တနင်္ဂနွေနေ့ အပတ်စဉ် အမှိုက်ကောက်လှုပ်ရှားမှုကို ဆောင်ရွက်နေသော No Plastic Campaign- South Okkalapa အဖွဲ့သည် ယခုအပတ် တနင်္ဂနွေနေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင် စမ်းချောင်းမြို့နယ်သို့ သွားရောက်ကာ အမှိုက်ကောက်လှုပ်ရှားမှုကို ဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါ လှုပ်ရှားမှုအား ပူးပေါင်း ပါဝင်လိုသူများသည် စုရပ်ဖြစ်သော ပြည်လမ်းနှင့် ရှမ်းကုန်းလမ်းထောင့် (မြေနီကုန်းတံတားအောက်)သို့ နံနက် ၇ နာရီအရောက် လာရောက်ပေးရန် ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။
ဝင်းထက်ထက်အောင် (ပြန်/ဆက်)


