၁၄ ဇန်နဝါရီ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေး ၂၈ သန်းနီးပါးအား ထိုးနှံပြီးစီးကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာပါတယ်။
ကာကွယ်ဆေးထိုးရေး အစီအစဉ်စတင်တဲ့ နိုင်ငံ ၄၆ နိုင်ငံ ရှိနေပြီဖြစ်ပြီး ၃၈ နိုင်ငံဟာ ဝင်ငွေများတဲ့ ချမ်းသာတဲ့ နိုင်ငံတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၅ မျိုးအား လက်ရှိအချိန်မှာ အသုံးပြုနေပြီး ကာကွယ်ဆေးအလုံးရေ ၂၈ သန်းအား ထိုးနှံပြီးကြောင်း WHO ရဲ့ အရေးပေါ်ဌာနများရဲ့ ဒါရိုက်တာ မိုက်ကယ်ရိန်းက ပြောပါတယ်။
ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်စတင်တဲ့ နိုင်ငံပေါင်း ၄၆ နိုင်ငံထဲမှာ တစ်နိုင်ငံသာ ငွေဝင်နည်းတဲ့ နိုင်ငံဖြစ်ကြောင်း ဒါရိုက်တာ ရိန်းက ထည့်သွင်းပြောကြားပါတယ်။
ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ၉၁ ဒသမ ၅ သန်းရှိပြီး သေဆုံးသူ ၁ ဒသမ ၉၆ သန်းကျော်သွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနတွေရဲ့ တရားဝင်ထုတ်ပြန်စာရင်းတွေအရ သိရပါတယ်။
MDN
ကိုးကား - AFP

