ဖေဖော်ဝါရီ ၇

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၆၁၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ယမန်နေ့က ၁၂၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

မြို့တော်တိုကျိုတွင် တစ်ရက်အတွင်း ထိုရောဂါကူးစက်ခံရသူ ၁၁၀၅ ဦး တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုရောဂါကူးစက်မှုအရေအတွက်သည် ပြီးခဲ့သည့်သီတင်းပတ်ကူးစက်မှုမှ ၇၁၃ ဦး လျော့ကျလာခြင်းဖြစ်ပြီး ကူးစက်သူဦးရေလျော့ကျလာသည်မှာ ရက် ၂၀ ဆက်တိုက်ရှိပြီ ဖြစ်ကြောင်းဖော်ပြထားသည်။

တစ်ရက်အတွင်း ယင်းရောဂါဖြင့် သေဆုံးသူများထဲတွင် မြို့တော်မှသေဆုံးသူ ၁၅ ဦးပါဝင်သည်ဟု ထိုဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို