မနီလာ ဇူလိုင် ၂၇

ဖိလစ်ပိုင်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီကြောင့် ရေကြီး မြေပြိုမှုများနှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ ဖြစ်ပွားခဲ့ရာသေဆုံးသူဦးရေမှာ ငါးဦးရှိလာပြီဟု ဖိလစ်ပိုင်အမျိုးသားသဘာဝဘေးအေဂျင်စီက ဇူလိုင်၂၇ ရက်က ပြောသည်။

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ဗန်းဂတ်ပြည်နယ်၌ လူလေးဦး မြေပြိုမှုကြောင့် သေဆုံးခဲ့ရပြီး ရီဇယ် ပြည်နယ်မှ တစ်ဦးလည်း မြေပြိုမှုကြောင့် သေဆုံးခဲ့ရ သည်ဟု အမျိုးသားသဘာဝဘေးလျှော့ချရေးနှင့် စီမံခန့်ခွဲမှု ကောင်စီကပြောသည်။

နိုင်ငံအတွင်းရှိ မုန်တိုင်းဒဏ်ခံ အချို့သောဒေသ များတွင် နောက်ထပ်သေဆုံးမှုများရှိသည်ဟု ရဲများ နှင့် မီဒီယာများက ဖော်ပြလာသည့်အတွက် သေဆုံးသူဦးရေမှာ ထပ်တိုးလာနိုင်သေးသည်။ တိုင်ဖွန်း မုန်တိုင်း ဒေါ့ဆူရီကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ လူပေါင်း ၃၂၈၀၀၀ မှာ မုန်တိုင်းဒဏ်ခံစားရပြီး လူပေါင်း ၂၀၀၀၀ မှာ ယာယီခိုလှုံရေးစခန်းများတွင် နေထိုင် နေရသည်ဟု အေဂျင်စီက ပြောသည်။ ဒေါ့ဆူရီမှာ ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ဝင်ရောက် သည့် ငါးကြိမ်မြောက်မုန်တိုင်းဖြစ်သည်။ ဖိလစ်ပိုင် နိုင်ငံသည် သဘာဝဘေးဒဏ် မကြာခဏခံစားရသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး နှစ်စဉ် မုန်တိုင်း ၂၀ ခန့်နှင့် ကြုံတွေ့ရလေ့ရှိပြီး အချို့သော မုန်တိုင်းများ မှာ အဖျက်စွမ်းအားကြီးမားသည်။

၂၀၁၃ ခုနှစ်က စူပါတိုင်ဖွန်းမုန်တိုင်း ဟိုင်ရန် ဝင်ရောက်ခဲ့ပြီး လူပေါင်း ၇၀၀၀ ကျော် အသက် ဆုံးရှုံးခဲ့ရသည်။

ဆင်ဟွာ