ဖလမ်း ၁၃ ဧပြီ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန် ထောက်ပံ့ပေးလျက်ရှိရာ ဧပြီ ၁၃ ရက် နံနက် ၉ နာရီက ဖလမ်းမြို့၊ မိုးလုံလေလုံအားကစားရုံ၌ ဆန် နှင့် ကြက်သွန်နီများ ဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ဖြန့်ဝေရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပေါင်ဒိတ်တုန် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအား အိမ်ထောင်စု တစ်စုလျှင် ဆန်(၈)ပြည်နှုန်းနှင့် ကြက်သွန်နီ(၁)ပိဿာနှုန်းဖြင့် ဆက်လက်ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
ဂျွန်( ပြန်/ဆက် )