mdn

၁၀  သြဂုတ်

 

နတ်ဆရာတစ်ဦး၏ ဘဝကို ပုံဖော်ရိုက်ကူးမည့် " အထက်တန်းစား ဟု အမည်ပေးထားသော ရုပ်ရှင်ဇာတ်ကားကြီး  စက်တင်ဘာလ  (၁၀) ရက်မှ စတင်ပြီး ကျောက်ဆည် ၊ စဉ့်ကူ ၊ ပုပ္ပါး   ၊ နယ်တို့တွင် ရိုက်ကူးသွားမည် ဟု သိရသည်။ အဆိုပါ ဇာတ်ကားကို Lucky Smile ရုပ်ရှင်ထုတ်လုပ်ရေးမှာ ထုတ်လုပ်ရိုက်ကူးပြီး ဇာတ်လမ်း ရွှန်းရမီမိုး (ပထမတန်းစား) / ဇာတ်ညွန်း မိုးနီလွင် ၊  ဒါရိုက်တာနေပိုင် ရိုက်ကူးကာ သရုပ်ဆောင် အကယ်းမီ နေတိုး ၊ ညီထွဋ္ဋ်ခေါင် ၊ သူရိယ ၊ ပိုးအိအိခန့် ၊ မြတ်ကေသီအောင် ၊ စိုးမိုးကြည် ၊ နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြောင်းသိရသည်။ 

 

ကိုရဲရင့်သွေး ( Luck Smile)

 

  " ကျွန်တော်တို့ ထုတ်လုပ်ရေးအနေနဲ့ ကတော့ ဒီကားကြီးက ပထမဆုံး ထုတ်လုပ်ရိုက်ကူးတဲ့ကားပါ ၊ ဇာတ်လမ်း အနေအထား အရဆို ကိုယ်မကျွမ်းကျင် နားမလည်တဲ့  အကြောင်းမို့  ၊ ကျွန်တော်တို့ လွန်ခဲ့တဲ့ (၂) နှစ်ကျော်လောက်ကတည်းက ဆရာ ဦးဝင်းနိုင် နဲ့ သေချာတိုင်ပင်ပြီး ရိုက်ကူးဖို့ ဖြစ်လာတာပါ ၊ ဝတ္ထုကိုလည်း ဒါရိုက်တာကိုနေပိုင် နဲ့ ၊ ကိုနေတိုးတို့ကိုပြသခဲ့တယ် သူတို့ကလည်း ကြိုက်တယ် ဆိုပြီပြောလာတာမို့ ရိုက်ဖြစ်ခဲ့တာပါ ၊ ဒီဇာတ်က သီလ ၊သမာဓိ နဲ့ပြည့်စုံ တဲ့ နတ်ဆရာတစ်ဦး ဘဝအကြောင်း မို့ ကိုယ်မသိနားမလည်တာတွေကို သေချာလေ့လာပြီးမှာ အခုဆိုစတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ 

 

ဒါရိုက်တာ နေပိုင်

 

   ကျွန်တော်အနေနဲ့ ဒီလို ကားမျိုး တစ်ခါမှတော့ မရိုက်ဘူးပါဘူး အထူးသဖြင့် နေတိုး နဲ့ ပထမဆုံး ရိုက်တဲ့ ကားဆိုလည်းမမှားပါဘူး ၊ ရုပ်ရှင်ကားကြီးအနေနဲ့ ဆိုပေါ့နော် ၊တခြားဗီဒီယိုကားတွေတော့ ရိုက်ခဲ့ဖူးတယ် ၊    ဒီကားကြီးမှာ  စိုးမိုးကြည် က နေတိုး ကို ကောက်ယူမွေးစားစောင့်ရှောက်ခဲ့ပြီး ၊ မွေးစားမိခင် ကွယ်လွန် ၊ ပြီး နတ်ဆရာတစ်ဦးအဖြစ် ရှင်သန်ရပ်တည်နေထိုင်မူကို ကျွန်တော်တို့ ရိုက်ကူးသွားမှာပါ ၊ အကောင်းဆုံးကားတစ်ကားဖြစ်အောင် ကြိုးစားရိုက်ကူးသွားမှာပါ"။

 

အကယ်ဒမီနေတိုး

 

 

" ဒီဇာတ်ကားမှာပါဝင်တဲ့ ဇာတ်ကောင်က ကျွန်တော် တစ်ခါမှ မရိုက်ဘူးသလို၊ ကျွန်တော်ရဲ့ အနုပညာ သက်တမ်း တလျှောက်လုံး ၊ ကျွန်တော်လုပ်ချင်ခဲ့တဲ့  ကာရိုက်တာမျိုးရဲ့ စိတ်ခံစားမှုရှိနေတဲ့ ဇာတ်ကောင် တစ်ခုလည်းဖြစ်ပါတယ် ၊ အထက်တန်းစားဆိုတဲ့ စကားအသုံးအနှုန်းကို ဒီဇာတ်ကားမှာ ဘယ်လိုအထက် တန်းစားစိတ်ဓာတ်ရှိ သူတွေကို တွေ့ရမှာပါ ၊  ပြီးတော့ ကျွန်တော် ဒီကားရိုက်ကူးတဲ့ အခါမှာလည်းကျွန်တော် ဂုဏ်ယူမိပါတယ် ၊ ဦးအောင်စည် ဆိုတဲ့ ကနားစီး တစ်ယောက် ရဲ့  အသွင်ကိုမြင်ရမှာပါ။ 

 

ပိုးအိအိခန့်

 

 

 ညီမက ဒီကားမှာ တစ်ခါမှာ သရုပ်မဆောင်ဘူးတဲ့ ဗီလိန်ဇာတ်ရုပ်လေးလုပ်ရမှာပါ ၊ရှေ့မှာတော့ ညီမရုပ်ရှင် ကားကြီး (၆) ကားလောက်ရှိပါပြီ ရိုက်ခဲ့ဖူးတာပေါ့နော် ၊ အဲ့ဒါကြောင့် ညီမလည်း ဒီလိုကာရိုက်တာမျိုးမ လုပ်ဘူးလို့ ရိုက်ဖြစ်သွားတာပါ ၊  သီလ ၊သမာဓိ နဲ့ ပြည့်စုံတဲ့ ကနားစီးဆရာတစ်ယောက်ကို ညီမက သီလ ဖျက်တဲ့ အမျိုးသမီးတစ်ယောက် နေရာကနေ သရုပ်ဆောင်ရမှာပါ ၊ ခပ်သွက်သွက် ကောင်မလေးတစ်ယောက် ၊မမြတ်ကေသီအောင် ရဲ့ တူမနေရာကနေ သရုပ်ဆောင်ရမှာပါ ၊ ကားလေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သူများကိုမကောင်းတာကြံရင် ကိုယ်လည်းထပ်တူညီတဲ့ ကံကိုခံစားရမယ်ဆိုတဲ့ အကြောင်းလေးကို ချပြထား တာပါ ၊ ပညာပေးဇာတ်လေးဆိုလည်း မမှားပါဘူး။

 

မြတ်ကေသီအောင် 

 

 အစ်မကတော့ ဒီကားမှာ အစ်မက နေတိုးကို တစ်ဖက်သတ် ကြိုက်တဲ့သူ အဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ် ၊ နိုင်ငံခြားကပြန်လာတဲ့ အမျိုးသမီးတစ်ယောက်ပေါ့နော် ၊  သူက ကနားစီးဆိုတော့ သူ့ဆီကို အစ်မတို့က သွားကြတယ် နောက်ဆုံး အစ်မရဲ့ တူမလေးကိုပါခေါ်သွားတဲ့ အခါ သူကလည်း တစ်ဖက်သတ်ကြိုက်ပြန်ရော ၊ အဲ့ပုံစံလေးပါဝင်ထားပါတယ် အစ်မအခန်းကတော့ သိပ်မရှိပါဘူး ၊ ဒါပေမယ့် ကိုယ်က နယ်တွေ မထွက် ချင်တော့ ဒီကားလေးကို လက်ခံဖြစ်ခဲ့တာရယ် ၊ပြီးတော့ ကားလေးက ပညာပေးကားလေးမို့  ရိုက်ဖြစ်တာ လည်းပါပါတယ် ၊ ပထမတော့ နယ်မှာ ဒီကားလေး ကိုရိုက်မယ်ပြောတယ် အစ်မကအဆင်အပြေတာမို့ သူတို့ ဘက်က ရန်ကုန်မှာဘဲ အစ်မ အခန်းလေးတွေ ကို ရိုက်လိုက်တာပါ။

 

စိုမိုးကြည် 

 

  နေတိုးရဲ့ မွေးစားအမေနေရာကနေ သရုပ်ဆောင်ထားပါတယ် ၊ ဒီကားလေးပုံစံက ဇာတ်လမ်းအဆန်း လေးပါပဲ။ အစ်မက ရွာထိပ်မှာနေတဲ့  အပျိုကြီး တစ်ယောက်ပါ အစ်မကို ရွာထဲကလူတွေက စုန်းမ တစ်ယောက် ဆိုပြီးထင်နေကြတယ် ၊ အဲ့လိုရွာထဲက ကလေးလိုချင်သူတွေက အစ်မနေတဲ့ ရွာထိပ်နားက ညောင်ပင်မှာ ကလေးလိုချင်လို့ လာဆုတောင်းကြတယ် ၊ကလေးရပြန်တော့လည်း အကြောင်းကြောင်း မလိုချင်တာမို့ လာစွန့်ကြတဲ့ သူတွေရှိတယ် ၊အစ်မက အဲ့လိုကလေးကို ကောက်ယူမွေးစားပြီး ကလေး(၉၊ ၁၀) နှစ်လောက်မှာ ကွယ်လွန်သွားတယ် ကလေးကကြီးလာတော့ နေတိုးဖြစ်သွားတာပေါ့နော် အစ်မ အခန်းကနည်းပါတယ် ။

 

  ကိုလင်း