နတ်မောက်၊ ၂၀ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့မစည်ပင်သာယာရေးဈေးအတွင်း စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ်များ ဈေးကွက်လက်ကျန်မရှိစေရေး ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ်များနှင့် ပတ်သက်၍ လွင်လွင်အမှတ်တံဆိပ်ပါ (ယိုစုံ)တွင် (Sodium Cyclamate) သတ်မှတ်ထားသောပမာဏ ကျော်လွန်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိမှုအရ အဆိုပါယိုစုံအား ဈေးကွက်လက်ကျန် မရှိစေရေး မုန့်မျိုးစုံရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်းသင်းဝေ(နတ်မောက်)


