နတ်မောက် စက်တင်ဘာ ၂၇

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ ပြည်သူများအား စက်တင်ဘာ ၂၆ ရက်က အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။

 

ထောက်ပံ့လှူဒါန်းခြင်းကို နတ်မောက်ကွန်ရက် ပရဟိတ လူမှုအကျိုးပြုအသင်းက ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၂၃ စုအား  အိမ်ထောင်စု တစ်စုလျှင် အခြေခံစားသောက်ကုန် ဆန် နှစ်ပြည်၊ ဆီ ၅၀ ကျပ်သား တို့ကို လက်ဝယ်အရောက် လိုက်လံထောက်ပံ့ လှူဒါန်းခဲ့ကြောင်းသိရသည်။

 

လှဝင်း(နတ်မောက်)

 

mdn