နတ်မောက်၊ ၇ ဇွန်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့   လူထုအခြေပြုဗဟိုဌာန (Community Centre) RCC (၃)ထပ်  တည်ဆောက်လျက်ရှိရာ ယခုအခါ (၂၂)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာခင်ထံမှ သိရသည်။

လူထုအခြေပြုဗဟိုဌာန (Community Centre) RCC (၃)ထပ်ဆောင်  ပေ (၆၀ × ၇၀) တည်ဆောက်ခြင်းကို  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုငွေ ကျပ် ၄၁၄ ဒသမ ၀၁၀ သန်းဖြင့် တင်ဒါ အောင်မြင်သော Moon & Space ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လူထုအခြေပြုဗဟိုဌာန (Community Centre) RCC (၃)ထပ်ဆောင်ကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရည်အသွေးစစ်ကော်မတီ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြိုးအိအိဇော်(နတ်မောက်)

mdn