နတ်မောက် သြဂုတ် ၂၄                                 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ နတ်မောက်မြို့    လူထုအခြေပြုဗဟိုဌာန     (Community Centre)   RCC (၃)ထပ်  တည်ဆောက်နေမှုကို အရည်အသွေးစစ်ဆေးရေးနှင့်လက်ခံရေးကော်မတီက ယနေ့နံနက်ပိုင်း တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။    

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမောင်မောင်ကျော်၊  မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဇင်မာအောင်၊ မြို့နယ်လျှပ်စစ်မှူး၊ မြို့နယ်လမ်းဦးစီးဌာနမှ အင်ဂျင်နီယာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ  အင်ဂျင်နီယာတို့က အဆောက်အဦအား အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) RCC (၃) ထပ်တည်ဆောက်ခြင်းကို   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုငွေကျပ် (၄၁၄.၀၁၀) သန်းဖြင့် တင်ဒါအောင်မြင်သော  Moon & Space ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုအခါ ၅၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။ 

သင်းသင်းမြတ်